Architecture Domains — Technology

Aung Kyaw Minn
2 min readJust now

--

Technology Domain

Application Domain မှာ လုပ်ဆောင်ပြီး ထွက်လာမယ့် ရလဒ်တွေကို အသုံးပြုပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဆော့ဖ်ဝဲကို အကောင်အထည်ဖော် ဖန်တီး ရမယ့် နယ်ပယ် ဖြစ်ပါတယ်။

၁။ ထည့်သွင်းစဉ်းစားရမယ့် အချက်များ —

✔ Development — ဆော့ဖ်ဝဲရေးရာမှာ အသုံးပြုမယ့် Tech Stack အတွက် လိုအပ်တဲ့ Software Development Kit (SDK), Integrated Development Environment (IDE), Framework စတဲ့ tools တွေ Setup လုပ်တာ၊ Code ရေးတာ၊ Integration လုပ်တာတွေ ပါဝင်ပါတယ်။

ရေးရမယ့် ဆော့ဖ်ဝဲ က အရွယ်အစား ကြီးမားတယ်၊ Developer အများအပြားပါဝင်တဲ့ Team နဲ့ လုပ်ရတာမျိုး ဆိုရင် Development Management Process ကိုပါ ထည့်သွင်း စဉ်းစားရပါတယ်။ Development Management ထဲမှာ Module တွေခွဲတာ၊ Module မှာပါဝင်မယ့် Feature တွေ ခွဲတာ၊ Feature မှာပါဝင်မယ့် Function တွေခွဲတာ၊ Function တွေကို Development Task တွေ ထပ်ခွဲထုတ်ပြီး ကုဒ်ရေးမယ့် Developer တွေကို Assign လုပ်တာ၊ Code တွေ စုပေါင်းရေး သားနိုင်ဖို့ Git-flow သတ်မှတ်တာ၊ စတာတွေပါ ထည့်သွင်းစဉ်းစားရပါတယ်။

✔ Deployment —

  • ရေးပြီးထွက်လာတဲ့ ဆော့ဖ်ဝဲကို User တွေအသုံးပြုနိုင်ဖို့ ဘယ်လို စီစဉ်ပေးမလဲ?
  • On-Premise က Server ပေါ်မှာ သုံးမှာလား? Cloud Server ပေါ်မှာသုံးမှာလား? နှစ်ခုစလုံးမှာ သုံးနိုင်အောင်လုပ်မှာလား?
  • User ဘယ်နှစ်ယောက်သုံးမှာလဲ? CPU/RAM/Storage စတဲ့ resource တွေ ဘယ်လောက် လိုလဲ?

✔ Maintenance — Issue Handling, Performance, Scalability, Availability, Security, Observability, … စတာတွေ စဉ်းစားဖို့လိုပါတယ်။

၂။ တာဝန်ယူ ဆောင်ရွက်ရသူများ —

✔ Software Engineers — Backend , Frontend, Full-Stack, Android Native, iOS Native, Cross-Platform Flutter, Cross-Platform React Native, Cross-Platform Kotlin, …

✔ Infrastructure & Operations (I&O) Engineers — DevOps Engineers, Cloud Engineers, Site Reliability Engineers (SRE), Network Engineers, Cyber Security Engineers, …

၃။ လုပ်ဆောင်ရမယ့် တာဝန်များ

✔ Coding — Readability, Simplicity, Maintainability, Scalability, Efficiency, Testability, Security, Well-documented, …

✔ Infrastructure — Reliability, Scalability, Performance, Security, Availability, Resilience, Compliance, Observability, …

၄။ လုပ်ဆောင်ပြီး ထွက်လာမယ့် ရလဒ်များ

✔ Application/Software

✔ Infrastructure Diagrams

✔ Technology Standard Documents

✔ I&O Compliance Documents

Reference Document ကို ဒီ LinkedIn Post မှာ ကြည့်ရှုနိုင်ပါတယ်။

Aung Kyaw Minn
Solution Architect @ AYA Innovation Labs

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet