Business Model Canvas in Burmese — Part 4

Aung Kyaw Minn
1 min readMar 21, 2023

--

၆။ လုပ်ဆောင်ချက်

လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်း အမျိုးအစားပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေဟာ ကွဲပြားပါတယ်။

ကုန်ပစ္စည်းရောင်းမှာလား၊ ကုန်ပစ္စည်းထုတ်လုပ်မှာလား၊ ဝန်ဆောင်မှုလုပ်ငန်းလား။ ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း လုပ်ဆောင်ချက် တွေကို ကြိုတင်လေ့လာ သင်ယူထားဖို့ လိုအပ်ပါတယ်။

လုပ်ငန်းစတင်တည်ထောင်ခြင်း နဲ့ လုပ်ငန်းလည်ပတ်စီမံခြင်းဟာ အကြောင်းအရာတစ်ခုစီ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်တွေ စနစ်တကျပါဝင်တဲ့ အစီအစဉ် ဟာ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

လုပ်ငန်းစဉ် ရေးဆွဲတဲ့ အစီအစဉ် ထဲမှာ —

  • တည်ထောင်တဲ့ လုပ်ငန်းစဉ်
  • လည်ပတ်တဲ့ လုပ်ငန်းစဉ်

နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

တည်ထောင်တဲ့ လုပ်ငန်းစဉ်မှာ ဆိုလျှင် —

  • နေရာရှာဖွေတာ
  • လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာ အသုံးအဆောင်တွေ ဝယ်ယူတာ
  • စက်ကိရိယာတွေ အသင့် အသုံးပြုလို့ရအောင် ပြင်ဆင်တာ
  • ကြော်ငြာတာ
  • ဝန်ထမ်းရှာဖွေခန့်ထားတာ စတာတွေပါဝင် ပါတယ်။

လည်ပတ်တဲ့ လုပ်ငန်းစဉ်မှာဆိုလျှင် —

  • စျေးကွက်ရှာဖွေရေး
  • ဝန်ထမ်း
  • စာရင်း
  • လုပ်ငန်းလည်ပတ်မှု
  • စီမံခန့်ခွဲမှု စတာတွေပါဝင် ပါတယ်။

၇။ အရင်းအနှီး

လုပ်ငန်းမှာ သုံးဖို့ လိုအပ်တာမှန်သမျှဟာ အရင်းအနှီးပါ။

အရင်းအနှီးတွေထဲမှာ —

(၁) ငွေ

(၂) ကိရိယာပစ္စည်း — စက်တွေ၊ အသုံးအဆောင်တွေ၊ ပရိဘောဂတွေ စသဖြင့်။

(၃) ဉာဏပစ္စည်း — ဆော့ဖ်ဝဲ၊ အမှတ်တံဆိပ်၊ နည်းပညာ စသဖြင့်။

(၄) ဝန်ထမ်း — ကာယလုပ်သား၊ ညာဏလုပ်သား၊ ပညာရှင် စသဖြင့်။

၈။ ကုန်ကျစရိတ်

လုပ်ငန်း စတင်လည်ပတ်တဲ့အခါ လစဉ်ကုန်ကျနိုင်တဲ့ စရိတ်တွေကိုကြိုတင် ခန့်မှန်းတွက်ချက်ထားဖို့ လိုပါတယ်။

ပုံသေ လစဉ်ကုန်ကျနေမယ့် စရိတ်တွေရှိသလို ပြောင်းလဲနိုင်တဲ့ စရိတ်တွေလည်းရှိပါတယ်။

ပုံသေစရိတ်တွေဟာ — နေရာ ငှားရမ်းခ၊ ဝန်ထမ်းလခ စသည်တို့ ဖြစ်နိုင်ပြီး၊

ပြောင်းလဲစရိတ်တွေကတော့ — ကုန်ကြမ်းဖိုး၊ သယ်ယူပို့ဆောင်ခ စတာတွေဖြစ်နိုင်ပါတယ်။

၉။ စီးပွားဖက်

လုပ်ငန်းစပ်တူလုပ်သူ၊ ပစ္စည်းရောင်းသူ၊ လုပ်ငန်းအကြံပေး၊ အကျိုးတူပူးပေါင်း လုပ်ကိုင်သူ၊ လုပ်ငန်းတွဲလုပ်သူ၊ နည်းပညာသင်ကြား ထောက်ပံ့ပေးသူ စတဲ့သူတွေဟာ စီးပွားဖက်တွေ ဖြစ်ပါတယ်။

ကိုယ်နဲ့ တွဲလုပ်မယ့်သူတွေဟာ စိတ်တူ ကိုယ်တူဖြစ် ဖို့ မလွယ်ပါဘူး။

အကျိုးစီးပွား ဖြစ်ထွန်းမှုကို အဓိကထား ဦးတည်ပြီး ညှိနှိုင်းလို့ရတဲ့ သူတွေကိုသေချာစီစစ် ရွေးချယ်ဖို့ လိုပါတယ်။

နောက်ဆုံးအပိုင်း ဆက်လေ့လာရန် နှိပ်ပါ

Aung Kyaw Minn | Head of Technology
Onenex

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet