Design Thinking for Innovation — Final Part

Aung Kyaw Minn
2 min readJun 24, 2023

--

Design Thinking process is non-Linear!

Design Thinking ဟာ တစ်လမ်းသွားတစ်ဆင့်ချင်း လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး

ကိုယ်ရောက်နေတဲ့ နေရာ၊ ရှိနေတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်ကနေ စလုပ်လို့ရပါတယ်။ လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း —

  • လုပ်ဆောင်ချက်တစ်ခုက ထွက်လာတဲ့ ရလဒ်ကို သုံးပြီး သင့်တော်တဲ့ လုပ်ဆောင်ချက်ကို ထပ်လုပ်၊
  • ထပ်လုပ်နေရင်းနဲ့ အိုင်ဒီယာအသစ်တွေ ရလာ၊
  • Prototype မှာ အကောင်အထည်ဖော်၊ စမ်းသပ်၊
  • စမ်းသုံးကြည့်သူတွေရဲ့ feedback (တုန့်ပြန်မှု့တွေ)၊ insights (အကြံဉာဏ်) တွေရလာ၊
  • feedback/insight ကို empathize/define ပြန်လုပ်၊
  • ပိုကောင်းတဲ့ Solution တွေထပ်ထုတ်၊ Prototype မှာ ထပ်ဖြည့်၊

ဒီလိုလုပ်ဆောင်နေရင်းကနေ Prototype အဆင့်ကနေ MVP (Minimum Viable Product) အဆင့်ကို ရောက်လာပါတယ်။

Design Centered Approach

Customer-Problem Fit

Empathize, Define လုပ်လို့ ထွက်လာတဲ့ ပြဿနာဟာ ဝယ်ယူသုံးစွဲမယ့် သူတွေအတွက် —

  • တကယ့် ပြဿနာလား၊ ဖြေရှင်းဖို့ လိုအပ်လား
  • မဖြေရှင်းရင် ဘာ အကျိုးဆက်တွေ ဆက်ဖြစ်မလဲ
  • ဘယ်အချိန်မှာဖြစ်မလဲ၊ ဘယ်နေရာမှာဖြစ်မလဲ

ဒီမေးခွန်းတွေရဲ့ အဖြေကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်မှ customer-problem fit ကို ကျော်ဖြတ်နိုင်မှာပါ။

Problem-Solution Fit

Solution ကို အကောင်အထည် ဖော်ဖို့အတွက် Product ကို တည်ဆောက် ရပါတယ်။ Ideate လုပ်လို့ထွက်လာတဲ့ Solution ဟာ ဝယ်ယူသုံးစွဲမယ့် သူတွေဆီကို Product ပုံစံပြောင်းပြီးရောက်သွားမှာ ဖြစ်ပါတယ်။

Product တည်ဆောက်တဲ့ အခါ ကိုယ်တိုင် internal development team နဲ့ တည်ဆောက်တာ ဖြစ်နိုင်သလို၊ vendor အပ်တာလည်း ဖြစ်နိုင်ပါတယ်။

တည်ဆောက်ပြီး ထွက်လာတဲ့ Product ဟာ ဝယ်ယူသုံးစွဲမယ့် သူတွေရဲ့ ပြဿနာ ကို အဆင်ပြေပြေနဲ့ ဖြေရှင်းပေးနိုင်မယ် ဆိုရင်တော့ problem-solution fit ဖြစ်ပါပြီ။

critical issue တွေ၊ bug တွေ ဆက်ရှိနေသေးရင်တော့ problem-solution fit အောင် ကြိုးစားရဦးမှာပါ။

Innovation လုပ်ရာမှာ Design Thinking Approach ဟာ Customer-Problem Fit နဲ့ Problem-Solution Fit ကိစ္စနှစ်ခုကို အကောင်းဆုံး ဖြစ်အောင်လုပ်ပေးပါတယ်။

Design Thinking Approach နဲ့ Innovation ကို သေချာလုပ်ပြီး Product ကို တည်ဆောက်သွားမယ်ဆိုရင်တော့ Product-Market Fit ဟာ အလိုအလျောက် ပြည့်စုံပြီး ဖြစ်ပါလိုက်မယ်။ ရှင်းရှင်း ပြောရရင် Sales နဲ့ Marketing ကိစ္စတွေအများကြီး လုပ်စရာမလိုတော့ဘူးပေါ့။

Design Thinking Approach နဲ့ Innovation လုပ်တာဟာ —

  • ပစ္စည်းထုတ်ပြီး ရောင်းတာ မဟုတ်ဘဲ
  • လူတွေ ဝယ်သုံးဖို့လိုတဲ့ပစ္စည်း ထုတ်တာ သာ ဖြစ်ပါတယ်။

လူတွေဟာ ဘာတွေဝယ်သုံးဖို့ လိုလဲဆိုတာ ကိုယ်တိုင် မသိနိုင်တာမျိုးလဲ ဖြစ်တတ်ပါတယ်။

Design Thinking ဟာ မဖြစ်မနေ လူတွေ ဘာဝယ်သုံးရမလဲ ဆိုတဲ့ Sweet Spot ကို ရှာတဲ့ Approach ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် ပြဿနာ နဲ့ ဖြေရှင်းနည်း အံခွင်ဝင်ကျ ဖြစ်မဖြစ် ကိုက်ကြည့်တာဟာ Design Thinking ပါပဲ။

Design Thinking အနှစ်ချုပ်

Aung Kyaw Minn | Head of Technology
Onenex

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet