Divergent Thinking + Convergent Thinking

Aung Kyaw Minn
Feb 18, 2023

--

Divergent Thinking

ပြဿနာ ဖြေရှင်းဖို့ အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေ များနိုင်သလောက် များများ ရှာဖွေတယ်။

အကောင်း အဆိုး မခွဲခြားဘဲ စဉ်းစား နိုင်သလောက် ဖြေရှင်းနည်းတွေ များများ စဉ်းစားဖို့ အားပေးတယ်။

စိတ်ကူးစိတ်သန်းတွေ၊ စူးစမ်းလေ့လာမှုတွေ၊ အတွေးအခေါ် အသစ်တွေ ကို အခြေခံတယ်။

Convergent Thinking

ပြဿနာ ဖြေရှင်းဖို့အတွက် အကောင်းဆုံး ဖြေရှင်းနည်း တစ်ခုကို ရှာဖွေတယ်။

တိကျသေချာပြီး စနစ်ကျ တဲ့ ဖြေရှင်းနည်း တစ်ခုကို ရွေးချယ် ဖို့ အားပေးတယ်။

အချက်အလက်တွေကို သုံးပြီး လက်တွေ့ကျကျ စီစစ် တွက်ချက်မှု အပေါ် အခြေခံတယ်။

Divergent Thinking vs Convergent Thinking

ပြဿနာ တစ်ခုဖြေရှင်းတဲ့အခါမှာ —

* Divergent Thinking approach ကို အရင်သုံးပြီး အချိန်ကာလတစ်ခုနဲ့ ကန့်သတ်ပြီး ဖြေရှင်းနည်းတွေ များနိုင်သလောက် များများရှာ။

* ပြီးတဲ့အခါ Convergent Thinking approach နဲ့ ရှာထားတာတွေထဲက အကောင်းဆုံး တစ်ခုကို အချက်အလက်တွေ တွက်ချက်မှုတွေပေါ် အခြေခံပြီး အကောင်းဆုံးကို ရွေးချယ်။

ဒီလို ပေါင်း စပ်ပြီး သုံးလို့ရပါတယ်။

အောက်က 2 မိနစ်တောင် မကြာတဲ့ YouTube video လေးကို သေချာ နားထောင် ကြည့်လိုက်ရင် ပိုရှင်းသွားပါလိုက်မယ်။

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet