Knowing-Understanding Matrix
Feb 19, 2023
- သိတယ် ဆိုတာဟာ “မြင်၊ ကြား၊ နံ၊ အရသာ၊ ထိတွေ့ ” အာရုံ တစ်ခုခုနဲ့ သတိပြုမိလိုက်တာကို ဆိုလိုတာပါ။
- မြင်လို့ သိတယ်၊ ကြားလို့ သိတယ်၊ အနံ့ ရလို့သိတယ်၊ အရသာခံမိလို့သိတယ်၊ ထိတွေ့မိလို့ သိတယ်။
- ဒီအဆင့်မှာ အသံ နဲ့ ပုံသဏ္ဌာန် တွေကို မှတ်မိပါတယ်။ ကြားဖူးနားဝရှိတာ၊ မြင်ဖူးတာ မျိုးတွေပေါ့။
- နားလည်တယ် ဆိုတာ အဓိပ္ပာယ် နဲ့ အလုပ်လုပ်ပုံ ကို သိသွားတာကို ဆိုလိုတာပါ။
- “အာရုံစိုက်မှု” နဲ့ “ကြံစည်တွေးတောမှု” ကြောင့် နားလည်သွားတယ်။
- ဒီအဆင့်မှာ အဓိပ္ပာယ်ကို သိရှိလာပါတယ်။ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ၊ ကိုယ့်အာဘော်နဲ့ ပြန်ရှင်းပြနိုင်တာ မျိုးတွေပေါ့။
အလုပ်တစ်ခုကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ရမယ့် နေရာမှာ “သိတယ် နားလည်တယ်” ဆိုတဲ့ အခြေအနေကို ရောက်မှ စလုပ်လို့ရပါတယ်။
“သိတယ် နားမလည်ဘူး” ဆိုတဲ့ အခြေအနေ ရောက်နေသေးရင် နားလည်အောင် ကြိုးစား ဖို့ လိုပါတယ်။
“မသိဘူး နားလည်တယ်” ဆိုတဲ့ အခြေအနေ ဆိုရင်တော့ ကိုယ့်ကိုယ့်ကို ပြန်ဆန်းစစ် ဖို့ လိုပါပြီ။ လုပ်တတ်တယ် ပြောပြီး အချိန် နဲ့ ပိုက်ဆံသာ ကုန်သွားတယ် မဖြစ်မြောက်တာမျိုးလိုပေါ့။
“မသိဘူး နားမလည်ဘူး” ဆိုရင်တော့ သိအောင် နားလည် အောင် အချိန်တွေပေးပြီး အများကြီး ရိုးသား ကြိုးစား ရဦးမှာပါ။
Aung Kyaw Minn | Head of Technology
Onenex