Managing Tech Professionals

Aung Kyaw Minn
2 min readFeb 17, 2025

--

Kindness — စိတ်ထားကောင်းခြင်း ဆိုတာက သူတစ်ပါးအပေါ် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ကြည့်တတ်တဲ့ စိတ်ထားမျိုးကို ရည်ညွှန်းပါတယ်။ ဒါဟာ စိတ်နေစိတ်ထား ကောင်းမွန်ခြင်း၊ သူတစ်ပါးကို ကူညီချင်စိတ်၊ ဂရုစိုက်စိတ် ရှိခြင်းကို ဆိုလိုပါတယ်။

Morality — စိတ်ကောင်းထားခြင်း ဆိုတာကတော့ ကောင်းတာ၊ မကောင်းတာ၊ လုပ်သင့်တာ၊ မလုပ်သင့်တာကို ခွဲခြားသိမြင်ပြီး ကောင်းတာ၊ လုပ်သင့်တာကို ရွေးချယ်ခြင်းဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကျင့်တရားနဲ့ ဆိုင်တဲ့ မှန်ကန် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းကို ရည်ညွှန်းပါတယ်။

ဒါကြောင့် “စိတ်ထားကောင်းခြင်း” က ပင်ကိုယ် စိတ်နေစိတ်ထားနဲ့ ပိုသက်ဆိုင်ပြီး၊
စိတ်ကောင်းထားခြင်း” က ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းကို ရည်ညွှန်းပါတယ်။

ဒီနေရာမှာ အဓိကထား ပြောချင်တာကတော့ Morality — စိတ်ကောင်းထားခြင်း နဲ့ ပိုသက်ဆိုင်ပါတယ်။

Discipline — စည်းကမ်းရှိခြင်း ဆိုတာက စနစ်တကျ လုပ်ဆောင်နိုင်ခြင်း၊ သတ်မှတ်ချက်တွေ၊ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကျင့်သုံးနိုင်ခြင်းကို ဆိုလိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကိုယ်နဲ့ တွဲလုပ်ရတဲ့ လူတွေမှာ အထူးသဖြင့် Technology Professionals နည်းပညာရှင်တွေ မှာ Discipline နဲ့ Morality နှစ်ခုစလုံး အားနည်းတဲ့အခါ Manage လုပ်ရ ခက်ခဲပါတယ်။

Discipline Firstစည်းကမ်းရှိစေခြင်း

လူတွေကို စည်းကမ်းရှိစေချင်တဲ့ အခါ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်း တွေ၊ သတ်မှတ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ကို ထုတ်ပြန် ကျင့်သုံးစေရပါတယ်။ ဒီနည်းလမ်းဟာ တစ်ချို့ လူတွေ အတွက် ကိုက်ညီပြီး အဆင်ပြေသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ လူတွေ အတွက်တော့ မကိုက်ညီဘဲ ပိုမို ထိန်းသိမ်းရခက်တဲ့ အခြေအနေတွေ ရောက်သွားနိုင်ပါတယ်။

Morality First — စိတ်ကောင်းထားစေခြင်း

လူတွေကို စိတ်ကောင်းထားစေချင်တဲ့ အခါ အသိပညာပေးခြင်း၊ အကောင်း အဆိုး အကြောင်းအကျိုး ခွဲခြားတတ်အောင် လမ်းညွှန်ပြသခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ အပြုအမူတွေကို လေ့ကျင့်သင်ကြားပေးခြင်း၊ ပါတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးခြင်း ဒီအချက်တွေ လုပ်ဆောင် ရပါတယ်။

Discipline နဲ့ Morality ဟာ ဆက်စပ်နေပါတယ်။ စည်းကမ်းရှိသူတစ်ဦးဟာ ကိုယ်ကျင့်တရားကောင်းမွန်ဖို့ ပိုမိုလွယ်ကူပြီး၊ ကိုယ်ကျင့်တရားကောင်းမွန်သူတွေဟာ စည်းကမ်းရှိဖို့ ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် ဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပံ့ပိုးပေးနိုင်တဲ့ အရာတွေဖြစ်ပါတယ်။

Discipline First or Morality First?

ဘယ်ဟာကို အသုံးပြုသင့်သလဲ ဆိုတာကတော့ ကိုယ် Manage လုပ်ရမယ့် လူတွေရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ ကိုယ်လူတွေက ဘယ်လိုလူစားတွေလဲ?

ငယ်ရွယ် တတ်ကြွ ပညာတော် မာန်တတ် နေတဲ့ လူတွေလား?

တည်ငြိမ် ရင့်ကျက် ဆင်ခြင်တုံတရား ရှိတဲ့ လူတွေလား?

Nexlabs က စပြီး နောက် Onenex မှာ HoT အနေနဲ့ Tech Team ကို ဦးဆောင်ခွင့် ရခဲ့တဲ့ အချိန်တုန်းကတော့ ပညာတော် တတ်ကြွ တဲ့ လူငယ်တွေ များတာ ဖြစ်တဲ့အတွက် Morality First ကို ရွေးချယ်ခဲ့ပါတယ်။

Aung Kyaw Minn
Solution Architect @ AYA Innovation Labs

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet