Principled Negotiation
ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုရင် —
ကိုယ် နဲ့ သူ — ကိုယ် လုပ်ချင်တာနဲ့ သူ လုပ်ချင်တာ မတူတဲ့အခါ၊
ကိုယ်တို့တွေ နဲ့ သူတို့တွေ — ကိုယ်တို့တွေ လုပ်ချင်တာနဲ့ သူတို့တွေ လုပ်ချင်တာ မတူတဲ့အခါ၊
ကိုယ် နဲ့ သူတို့တွေ — ကိုယ် လုပ်ချင်တာနဲ့ သူတို့တွေ လုပ်ချင်တာ မတူတဲ့အခါ၊
ကိုယ်တို့တွေ နဲ့ သူ — ကိုယ်တို့တွေ လုပ်ချင်တာနဲ့ သူ လုပ်ချင်တာ မတူတဲ့အခါ၊
လုပ်ချင်ချင် မလုပ်ချင်ချင် စေ့စပ်ညှိနှိုင်းတဲ့ အလုပ်က နေရာတိုင်းမှာ လုပ်နေရဦးမှာပဲ။
ပုံမှန်အားဖြင့် စေ့စပ်ညှိနှိုင်း ရာမှာ —
(၁) သဘောထား တင်းတင်းမာမာ နဲ့ အနိုင်ယူမလား
(၂) သဘောထား ပျော့ပျော့ပြောင်းပြောင်း နဲ့ အလျှော့ပေးမလား
ဒီနည်းလမ်း နှစ် ခုထဲက တစ်ခု ကို ရွေးပြီး လုပ်လေ့ရှိပါတယ်။
ညှိညှိနှိုင်းနှိုင်း ဒို့မရိုင်း
Principled Negotiation က ဒီ နည်းလမ်း နှစ်ခုစလုံးကို မသုံးဘဲ ပိုကောင်းတဲ့ နည်းလမ်း တစ်ခုကို ညွှန်ပြထားပါတယ်။
၁။ လူများကို ပြဿနာထဲမှ ခွဲထုတ်ပါ။
ပြဿနာကို ဖြေရှင်းဖို့ ညှိနှိုင်း ရမှာဖြစ်သည်။ လူကို ဖြေရှင်းဖို့ ညှိနှိုင်း နေလျှင်ပြီးမည် မဟုတ်။
၂။ အကျိုးစီးပွားပေါ် အာရုံစိုက်ပါ ရပ်တည်မှု့ အပေါ် အာရုံမစိုက်ပါနှင့်။
စိတ်ခံစားမှု့ ၊ ဘဝအတွေ့အကြုံ နဲ့ အတွေးအခေါ်တွေ ဟာ လူတစ်ယောက်နဲ့ တစ်ယောက် ထပ်တူကျဖို့ မလွယ်ပါဘူး။ လူတွေ အလုပ်လုပ်တဲ့အခါ ဒီအချက်တွေကို အခြေခံပြီး လုပ်လေ့ရှိတာကြောင့် လုပ်ရပ်ကို လိုက်ကြည့် ဝေဖန် နေလျှင် ပြီးမည်မဟုတ်။
၃။ နှစ်ဖက် ပြေလည်ဖို့ ဖြစ်နိုင်သည့် နည်းလမ်းများကို ရှာဖွေပါ။
နှစ်ဖက် ပေါင်း တစ်ဖွဲ့ ဖွဲ့၊ Brainstorming, Assumptions စတဲ့ ideation techniques တွေ သုံးပြီး၊ ဖြေရှင်းနည်းတွေ များနိုင်သလောက် များများ ရှာလို့ရပါတယ်။ ရှာလို့ မတွေ့ရင် ကိုယ်တိုင် ဖန်တီးပါ။
၄။ နှစ်ဖက် လက်ခံနိုင်သည့် စံသတ်မှတ်ချက် များကို သုံးပါ။
ထင်မြင်ယူဆချက်တွေ ကို ဘေးဖယ်ထားပြီး မှန်ကန်တဲ့ အချက်အလက်တွေက ပြောတဲ့ အကောင်းဆုံး ဖြေရှင်းနည်းကို ရွေးချယ်ဖို့လိုပါတယ်။ Weighted Scoring, Decision Tree စတာတွေ သုံးလို့ရပါတယ်။
Aung Kyaw Minn | Head of Technology
Onenex
Ref: “Getting to Yes: Negotiating Agreement Without Giving In” by Roger Fisher and William Ury