Principled Negotiation — Scenario of collaboration

Aung Kyaw Minn
Feb 26, 2023

--

Principled Negotiation — Scenario of collaboration

Principled Negotiation မှာ —
အနိုင် အရှုံး ရလဒ် က အဓိက မကျပါဘူး။ နှစ်ဦး နှစ်ဖက် အကျိုးရှိမယ့် လမ်းကြောင်း တစ်ခုကို ဖော်ထုတ် ခြင်းကသာ အဓိကကျပါတယ်။

မြည်း နှစ်ကောင် ဇာတ်လမ်း

ကြိုးချည်ထားတဲ့ မြည်း နှစ်ကောင်ဟာ တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့ ရှေ့မှာရှိနေတဲ့ ခြုံပုတ်ကို စားချင် နေကြတယ်။

ဒါပေမယ့် ကြိုးက တိုနေတယ်။ တစ်ကောင်က စားဖို့ ရှေ့တိုးလိုက်ရင် နောက်တစ်ကောင်က စားလို့မရတော့ဘူး။ နှစ်ကောင်စလုံး က ကိုယ်စားဖို့ပဲ ဦးတည်ပြီး ရှေ့တိုးကြရင် —

၁) အားကြီးတဲ့ ကောင် က စားရပြီး အားနည်းတဲ့ ကောင် မစားရဘူး။
၂) နှစ်ကောင်လုံး အားတူနေရင် နှစ်ကောင်လုံး မစားရဘူး။

Principled Negotiation

မြည်း နှစ်ကောင် မျက်နှာချင်းဆိုင် တွေ့ကြတယ်။ တစ်ကောင်နဲ့ တစ်ကောင် သေချာ မိတ်ဆက်ပြီး ခြုံပုတ်ကို ဘယ်လိုစားရမလဲ စကား စပြောကြတယ်။ နှစ်ဖက် ပူးပေါင်းပြီး စဉ်းစားကြတယ် အဖြေထုတ်ကြတယ်။ “ပေါင်းစားကြမလား

အတန်ကြာ ပူးပေါင်း အဖြေရှာပြီးတဲ့နောက် —
နှစ်ကောင်စလုံး တစ်ဖက်ကို အရင်သွားပြီး ခြုံပုတ်ကို အတူတူ စားလိုက်ကြတယ်။

ကုန်သွားတဲ့ အခါ နောက်တစ်ဖက် ကို သွားပြီး ကျန်နေတဲ့ ခြုံပုတ်ကို အတူတူ စားကြတယ်။

မြည်း နှစ် ကောင်လုံး ခြုံပုတ်တွေကို စားပြီး ဗိုက်ဝ သွားကြတယ်။

Aung Kyaw Minn | Head of Technology
Onenex

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet