RACIS Model
ကိုယ့်အလုပ် ကိုယ်သိ၊ အဖွဲ့အလုပ် ကိုယ်သိ
—
RACIS ကို ရာစစ်(စ်) လို့ အသံထွက်ပြီး မှတ်လို့ရပါတယ်။
လုပ်ငန်းခွင်မှာ ကိုယ်ဘာလုပ်ရမလဲ ဆိုတာနဲ့ အခြားသူတွေ ဘာလုပ်နေရလဲ ဆိုတာ —
၁။ ရှင်းရှင်းလင်းလင်း သိအောင်
၂။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်
RACIS Model ကိုသုံးလို့ရပါတယ်။
Responsible
တာဝန်ရှိသူ — အလုပ် စတင် ပြီးမြောက် အောင်မြင် ရေရှည်ပံ့ပိုး သည်အထိ လုပ်ဆောင်ရမည့်သူ။
Accountable
တာဝန်ခံသူ — လုပ်ရမှာတွေ ဆုံးဖြတ် သတ်မှတ် ပေးပြီး၊ ပြီးမြောက်ကြောင်း အတည်ပြုပေးသူ။
Consulted
တိုင်ပင်ရမည့်သူ — အလုပ် ပြီးမြောက်အောင်မြင်ဖို့အတွက် အကြံဉာဏ် အဆက်အသွယ် ပေးနိုင်သူ။
Informed
အသိပေးရမည့်သူ — အလုပ် ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ တိုးတတ်မှု အခြေအနေတွေ၊ ပြီးစီးမှု့ အခြေအနေတွေ သိဖို့ လိုအပ်သူ။
Support
ပံ့ပိုးသူ — တာဝန်ရှိသူ ကို အလုပ်ပြီးမြောက်အောင် ကူညီပံ့ပိုးပေးသူ။
Reference -> https://en.wikipedia.org/wiki/Responsibility_assignment_matrix
Aung Kyaw Minn | Head of Technology
Onenex