Required Mindsets and Activities for Solving Problems — Part 1

Aung Kyaw Minn
2 min readMar 27, 2023

--

Mindset & Activity — တွေးတော လုပ်ဆောင်

ပြဿနာကို ရှင်းဖို့ —

  • တွေးတောပုံ — Mindset နဲ့
  • လုပ်ဆောင်ချက် — Activity

ဒီနှစ်ချက် လိုအပ်ပါတယ်။

သဘောသဘာဝ မတူတဲ့ ပြဿနာ ၃ မျိုး အတွက် တွေးတောပုံ နဲ့ လုပ်ဆောင်ချက် ပုံစံတွေ မတူနိုင်ပါဘူး။

ပြဿနာ နဲ့ အံခွင်ဝင်ကျဖြစ်မယ့် ပုံစံကို ချဉ်းကပ်ပြီး ဖြေရှင်းမှ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

(1) Known Knowns

ဒီပြဿနာပုံစံမှာ ဖြေရှင်းနည်း သိပြီးဖြစ်တဲ့အတွက် ရှင်းဖို့ သာ လိုပါတော့တယ်။ ရှင်းဖို့ အတွက် လိုအပ်တဲ့ တွေးတော လုပ်ဆောင် ချက် တွေကို လေ့လာကြည့်ပါ။

တွေးတောပုံ — Checklist Thinking

  • Checklist Thinking မှာ ပြဿနာ ရှင်းဖို့ လုပ်ဆောင်ရမယ့် အချက်တွေကို ဘာပြီး ဘာလုပ်ရမယ် တစ်ချက်စီ ကြိုတင် စဉ်းစားရပါတယ်။ စဉ်းစားပြီးတဲ့ အချက်တွေကို အစဉ်လိုက် လုပ်ရန်စာရင်း ထဲမှာ ရေးမှတ်ပါတယ်။

ဥပမာ — Point of Sale (POS) စနစ်တစ်ခုကို ဈေးဆိုင်မှာ စသုံးဖို့အတွက် အကောင်အထည်ဖော်မယ့် Checklist ကို အောက်ပါအတိုင်း စဉ်းစားပြီး ရေးချကြည့်မယ်။

၁။ ဆိုင်မှာ သုံးဖို့ အနည်းဆုံး လိုအပ်ချက် — အရောင်းစာရင်းသွင်းတာ၊ ဘောင်ချာထုတ်တာ၊ အရောင်းစာရင်း အနှစ်ချုပ်ပြန်ကြည့်တာ တွေလုပ်နိုင်ရမယ်။

၂။ ဝယ်သုံးလို့ရတဲ့ POS ဆော့ဖ်ဝဲ တွေကို နှိုင်းယှဉ် လေ့လာပြီး အဆင်ပြေဆုံး တစ်ခု ရွေးဝယ်မယ် — ဈေးနှုန်း၊ လုပ်ဆောင်နိုင်စွမ်း၊ နောက်ပိုင်း အကူအညီ၊ ယုံကြည်စိတ်ချရမှု။

၃။ POS ဆော့ဖ်ဝဲသုံးဖို့ လိုအပ်တဲ့ Devices တွေ ဝယ်ရမယ် — Android Tablet၊ Printer၊ Barcode Scanner။

၄။ ဆော့ဖ်ဝဲ နဲ့ Devices တွေ တပ်ဆင်ပြီး လိုတဲ့ ပစ္စည်း အချက်အလက် တွေ ထည့်သွင်းမယ် — ပစ္စည်းအမည်၊ ဈေးနှုန်း။

၅။ စမ်းသပ်မယ် — စမ်းရောင်းကြည့်မယ်၊ ဘောင်ချာထုတ်ကြည့်မယ်၊ တွက်ချက်မှု့တွေ အချက်အလက်တွေ မှန်လား စစ်မယ်။

၆။ အရောင်းဝန်ထမ်းတွေကို POS ဆော့ဖ်ဝဲ သုံးပုံ သုံးနည်း သင်တန်းပေးမယ်။

၇။ စသုံးမယ့် နေ့ သတ်မှတ်မယ် — ရောင်းတဲ့ ပစ္စည်းတွေ စသွင်းမယ်၊ ဝယ်သူတွေကို Printer နဲ့ ဘောင်ချာစာရွက်တွေထုတ်ပေးမယ်။

လုပ်ဆောင်ချက် — Plan, Implement

  • ထွက်လာတဲ့ Checklist စာရင်းအတိုင်း အစီအစဉ်တစ်ကျ အမှန်တကယ် လက်တွေ့ လုပ်ဆောင်ပြီး အကောင်အထည်ဖော် ရမှာဖြစ်ပါတယ်။
  • Plan — Checklist ထဲက အချက်တွေကို time, cost, resource တွေနဲ့ ချိန်ပြီး အစီအစဉ် ဆွဲ။
  • Implement — Plan ကို အကောင်အထည်ဖော်။

အရွယ်အစား သိပ်မကြီးတဲ့ Known Knowns ပြဿနာတွေကို Plan, Implement အဆင့် ၂ ခုလောက်နဲ့ ပဲလုပ်လို့ရပါတယ်။

အရွယ်အစား ကြီးလာပြီဆိုရင်တော့ ရှင်းဖို့ အတွက် PRINCE2 လို၊ PMI လို ပိုမိုကောင်းမွန်တဲ့ Project Management နည်းစနစ်တွေ၊ Framework တွေ သုံးရမှာ ဖြစ်ပါတယ်။

Aung Kyaw Minn | Head of Technology
Onenex

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet