Required Mindsets and Activities for Solving Problems — Part 2
ဖြေရှင်းလို့ရတဲ့ နည်းလမ်း ရှိတာ သိပြီးဖြစ်တဲ့ အတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဖို့အတွက် အချက်အလက်တွေ စူးစမ်း ရှာဖွေ စုစောင်းတာမျိုးတွေ အရင်လုပ်ရပါတယ်။
(2) Known Unknowns
ဒီပုံစံ ပြဿနာတွေကို ရှင်းဖို့အတွက် လိုအပ်တဲ့ တွေးတော လုပ်ဆောင် ချက် တွေကို လေ့လာကြည့်ပါ။
တွေးတောပုံ — Analytical Thinking
- Analytical Thinking မှာ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို သဘောပေါက်နားလည်အောင် အရင်လုပ်ရပါတယ်။
- အချက်အလက်တွေက ရှုပ်ထွေးကြီးမားပြီး နားလည်ဖို့ ခက်နေရင် အပိုင်းငယ်လေးတွေ ပိုင်းပြီး တစ်ပိုင်းချင်းစီ နားလည်အောင် ကြိုးစားရပါတယ်။
- အပိုင်းငယ်လေးတွေ တစ်ပိုင်းချင်းစီ နားလည်ပြီဆိုမှ အားလုံးကို ပြန်ဆက်စပ်ပြီး တစ်ခုလုံးကိုနားလည်ဖို့ ထပ်ကြိုးစားရပါတယ်။
- အချက်အလက်တွေကို သဘောပေါက်နားလည်ပြီးတဲ့အခါ လက်တွေ့ကျကျ ကျိုးကြောင်းဆက်စပ်၊ တွက်ချက်၊ နှိုင်းယှဉ် ပြီး အကောင်းဆုံးကို ရွေးချယ်ရပါတယ်။
ဥပမာ —
ဆိုင်မှာ POS စနစ်သုံးလိုက်တော့ ရောင်းတဲ့ကိစ္စ ဘောင်ချာထုတ်တဲ့ ကိစ္စတော့အအဆင်ပြေသွားပြီ။
ဒါပေမယ့် ဝယ်သူတွေ ကို ကိုယ့်ဆိုင်မှာပဲ အမြဲလာဝယ်နေအောင် အင်တာနက် အွန်လိုင်း စနစ်သုံးပြီး ဆွဲဆောင် ချင်တယ်။ ဒါကို Loyalty Program လို့ခေါ်မယ်။
Loyalty Program တွေ ဘယ်လိုတွေရှိလဲ။
- Stamp Card — လာဝယ်တဲ့ သူတိုင်းကို Card တစ်ခုပေး တစ်ခါလာဝယ် Stamp တစ်ခု ထုပေး၊ ဘယ်နှစ်ခုပြည့်ရင် ဘာပေးမလဲ စဉ်းစား။
- Reward Points — လာဝယ်တဲ့သူတွေကို ငွေဘယ်လောက်ဖိုးဆို ဘယ်နှစ်မှတ် ပေးမယ်ဆိုပြီး သတ်မှတ်။ Reward တွေ စီစဉ်ထားပြီး အမှတ် ဘယ်လောက်ပြည့်ရင် ဘယ် Reward ပေးမလဲ ဆိုတာ စဉ်းစား။
လူတိုင်းနီးပါး ဖုန်းနဲ့ အွန်လိုင်းသုံးနေကြတာဆိုတော့ ဒီ Loyalty Program ကို ဖုန်းမှာသုံးလို့ရအောင် လုပ်မယ်။ Digital Loyalty Program လုပ်မယ်။
Analytical Thinking ရဲ့ ရည်ရွယ်ချက်က ဆုံးဖြတ်ချက်ချဖို့ ဖြစ်ပါတယ်။
ဥပမာ — မြန်မာမှာ လုပ်လို့ရတဲ့ Digital Loyalty Platform တွေကို စူးစမ်း ရှာဖွေ လေ့လာ စီစစ် သုံးသပ် ပြီး Program တွေပိုစုံစုံလင်လင် လုပ်လို့ရတဲ့ Pocket ကိုရွေးလိုက်တယ် ဆိုပါစို့။
လုပ်ဆောင်ချက် — Test, Search, Sort, Solve
ဘာလုပ်မယ် ဆိုတာကို ဆုံးဖြတ်ရွေးချယ်ပြီးတာနဲ့ စလုပ်လို့ရပါပြီ။
Test — ဆုံးဖြတ်ရွေးချယ်လိုက်တဲ့ အရာကို အရင်ဆုံး စမ်းသပ်ကြည့်ရမှာဖြစ်တယ်။ စမ်းသပ်လို့ ထွက်လာတဲ့ ရလဒ်တွေပေါ် မူတည်ပြီး ဆောင်ရန် ရှောင်ရန် နဲ့ ပိုကောင်းတဲ့ ပြုပြင်ပြောင်းလဲမှု့တွေကို လုပ်ဖို့ဖြစ်ပါတယ်။
- ဥပမာ — ရှေ့မှာ Pocket ကိုရွေးထားပြီဖြစ်တဲ့အတွက် https://m.pocket.com.mm/signup မှာ ကိုယ်တိုင် account ဖွင့်ပြီး Customer နေရာကနေ စမ်းသုံးကြည့်မယ်။
Search — ပိုကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ၊ လုပ်မယ့် အကြောင်းအရာရဲ့ အခင်းအကျင်း နဲ့ ပုံစံ ကိုနားလည်ဖို့ အတွက် အချက်အလက်တွေ ရှာဖွေဖို့လိုပါတယ်။
Sort — လုပ်စရာရှိတာတွေကို အရေးကြီးတာ အရေးမကြီးတာ အလျှင်လိုတာ အလျှင်မလိုတာ တွေ သတ်မှတ်၊ ဦးစားပေး အစီအစဉ်ချ။
Solve — စမ်းသပ်လို့ ထွက်လာတဲ့ ရလဒ်တွေမှာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ ပါလာနိုင်ပါတယ်။ အဲ့ဒါတွေကို အဆင်ပြေအောင် အံခွင်ဝင်ကျဖြစ်အောင် ဖြေရှင်းဖို့လိုပါတယ်။
မှတ်မိအောင် Test, Search, Sort, Solve လို့ အစဉ်လိုက် ရေးထားပေမယ့် ကိုယ်တွေ့ကြုံနေရတဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေ ကို လိုသလို ရှေ့ နောက် ရွှေ့ပြီး လုပ်ရမှာဖြစ်ပါတယ်။
Aung Kyaw Minn | Head of Technology
Onenex