Software Delivery

Aung Kyaw Minn
2 min readJan 25, 2025

--

Software Delivery ဟာ စတင် ရေးသားဖန်တီးမှု့ကနေ အသုံးပြုသူတွေလက်ထဲ လက်တွေ့အသုံးချနိုင်တဲ့ အခြေအနေထိ ရောက်အောင် အဆင့်ဆင့် အကောင်အထည် ဖော်လုပ်ဆောင်သွားတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

Architecture Domain တွေအကြောင်း ရှေ့မှာ လေ့လာပြီး ပြီဆိုရင် Software Delivery လုပ်ငန်းစဉ်ကို သက်ဆိုင်ရာ Domain အလိုက် ခွဲခြားမြင်လိုက်ရင် ပိုနားလည် သွားမှာဖြစ်ပါတယ်။

အောက်ပါ ပုံကို လေ့လာကြည့်ပါ။

ဆော့ဖ်ဝဲ ဖန်တီးပေးသူ ဘက်အခြမ်းမှာ အပြင် ကုမ္ပဏီ Vendor (သို့မဟုတ်) Development Team ရှိပြီး ဆော့ဖ်ဝဲ အသုံးပြုသူ ဘက်အခြမ်းမှာ လက်တွေ့အသုံးပြုမယ့် Client (သို့မဟုတ်) လက်တွေ့အသုံးပြုသူတွေကို ပြန်လည် လမ်းညွှန် သင်ကြားပေးမယ့် Product/Business Team ရှိပါတယ်။

ဆော့ဖ်ဝဲ အသေးစားလေးတွေ ဖန်တီးမယ်ဆိုရင်တော့ ဖန်တီးသူ Developer နဲ့ အသုံးပြုသူ Client နှစ်ယောက်ပါပဲ။

Enterprise ဆော့ဖ်ဝဲ အကြီးစားတွေ ဖန်တီးတော့မယ်ဆိုရင်တစ် တစ်ယောက် ခြင်းစီကိုယ်စားမပြုတော့ဘဲ အဖွဲ့လိုက် ကိုယ်စားပြုသွားပါတယ်။

Vendor (သို့မဟုတ်) Development Team ဘက် အဖွဲ့ထဲမှာ Project Manager, Business Analyst, Software Engineer, QA Engineer, Solution Architect, Project Manager စတဲ့ Role တွေ ပါဝင်ပါတယ်။

တစ်ဖက် Client/Product/Business Team ဘက်မှာလည်း Product Owner, QA Analysts, Support Engineers, Business Development Manager, … စတဲ့ ပုံစံအမျိုးမျိုး နဲ့ Role အမျိုးမျိုးတွေရှိနိုင်ပါတယ်။

SDLC (Software Development Life Cycle) လုပ်ငန်းစဉ်မှာပါဝင်တဲ့ Plan, Analyze, Design, Code, Deploy, Test စတဲ့ အဆင့် တွေမှာ Development Team ထဲပါဝင်တဲ့ Role တွေ ဘယ်လိုချိတ်ဆက် အလုပ် လုပ်ကြလဲ ဆိုတာကို ပုံမှာကြည့်ပါ။

ပုံမှာ ပါတဲ့ မျှားလမ်းကြောင်း ဦးတည်ရာ၊ solid line နဲ့ dotted line တွေကိုကြည့် ပြီး workflow ကို တွေးကြည့်ပါ။ solid line က input and instruction ဖြစ်ပြီး dotted line က တော့ inform and inspect ဖြစ်ပါတယ်။

ကြီးမားရှုပ်ထွေးတဲ့ ဆော့ဖ်ဝဲ Project တွေမှာဆို Development Team Lead ကို သီးခြားထားရပါတယ်။ Project Manager က Planning အပိုင်း Client Relation and Communication အပိုင်း တွေ သီးခြား တာဝန်ယူပြီး Development Team Lead က Business Analyst, Software Engineers, Designers, QA Engineers, I&O Engineers တွေနဲ့ တိုက်ရိုက် အလုပ်လုပ်ရပါတယ်။

Client ရဲ့ Requirements သို့မဟုတ် Product Team ၏ Backlog နဲ့ စတင်ပါတယ်။ နောက်ဆုံး QA Engineer က လက်စသတ်တဲ့ အခါ QA pass ဖြစ်ရင် Client/Product Team လက်ထဲ လွှဲပြီးရင် Software Delivery လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။

Reference Document ကို ဒီ LinkedIn Post မှာ ကြည့်ရှုနိုင်ပါတယ်။

Aung Kyaw Minn
Solution Architect @ AYA Innovation Labs

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet