Solution Architect က ဘာတွေလုပ်ရလဲ?

Aung Kyaw Minn
2 min read1 day ago

--

Enterprise Application သို့မဟုတ် Digital Platform လို ကြီးမား ရှုပ်ထွေးတဲ့ ဆော့ဖ်ဝဲ စနစ် တစ်ခုကို ဖန်တီး အကောင်အထည်ဖော်တဲ့ အခါ —

Business Domain မှာ လုပ်ငန်း အကျိုးစီးပွား နဲ့သက်ဆိုင်တဲ့ ရည်ရွယ်ချက် Business Purpose ကို စဉ်းစား ချမှတ်ရပါတယ်။ ဒီ ဆော့ဖ်ဝဲကို ဘာကြောင့် လုပ်ရလဲ? ဘယ်ပြဿနာတွေကို ဖြေရှင်းပေးမှာလဲ? ဘယ်လိုအကျိုးအမြတ်တွေ ရလာမှာလဲ? စတဲ့ မေးခွန်းတွေကနေ လိုအပ်ချက်တွေ သတ်မှတ်ချက်တွေ ထွက်လာပါတယ်။

Data Domain နဲ့ Application Domain တွေမှာ ဆော့ဖ်ဝဲ စနစ်ကို အကောင်အထည်ဖော်မယ့် ဒီဇိုင်းပိုင်းတွေ နဲ့ လုပ်ဆောင်ရမယ့် သတ်မှတ်ချက်တွေ ထွက်လာပြီး၊

Technology Domain ပိုင်း ပြီးသွားရင်တော့ လက်တွေ့သုံးလို့ရမယ့် ဆော့ဖ်ဝဲ စနစ် ထွက်လာပါပြီ။

[Architecture Domain တွေအကြောင်း မသိသေးရင် https://aungkyawminn.medium.com/list/architecture-domains-0bf156480401 မှာ လေ့လာပါ။]

Domain တစ်ခုစီတိုင်းမှာ သက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေ ရှိပါတယ်။

Business Domain မှာဆို Business Architect, Analysts, … စသဖြင့်၊

Data and Application Domain မှာဆို Data Architects, Application Architects, System Analysts, … စသဖြင့်၊

Technology Domain မှာဆို Developers, Cloud Architects, DevOps Engineers, QA Engineers, … စသဖြင့်၊

မတူညီတဲ့ ကျွမ်းကျင်မှု တွေနဲ့ မတူညီတဲ့ ပညာရှင် တွေဟာ သက်ဆိုင်ရာ Domain က သတ်မှတ်ထားတဲ့ အလုပ်တွေကို လုပ်ကြရပါတယ်။

ဆော့ဖ်ဝဲ စနစ်ကို ဖန်တီးတဲ့ အခါမှာ Domain တစ်ခု နဲ့ တစ်ခြားမှာ Gap (အဟ) လေးတွေ ရှိပါတယ်။

Gap တွေကို အုပ်စုလိုက် ခွဲထုတ်လိုက်ရင် —

  1. Business — Data gaps
  2. Business — Application gaps
  3. Business — Technology gaps
  4. Data — Application gaps
  5. Data — Technology gaps
  6. Application — Technology gaps

အကျဉ်းချုပ် အနေနဲ့ ဆိုရင် တော့ Business Domain က ပညာရှင်တွေက Data Domain, Application Domain နဲ့ Technology Domain တွေ အကြောင်း မသိတာ နားမလည်တာ။ Data Domain, Application Domain နဲ့ Technology Domain က ပညာရှင်တွေက Business Domain အကြောင်း မသိတာ နားမလည်တာ။ (အသေးစိတ် အကြောင်းအရာကိုတော့ နောက် Post တွေမှာ ရေးဖို့ စီစဉ်ထားပါတယ်။)

Solution Architect က ဘာတွေ လုပ်ရလဲ?

  1. Domain Gap တွေအတွက် Solution တွေရှာပြီး ဖြည့်ပေးရပါတယ်။
  2. Overall Architecture ကို မြင်ထားရပြီး နောက်ဆုံး Technology Domain ထွက်လာမယ့် ရလဒ် ဆော့ဖ်ဝဲ စနစ် ကို Business Purpose နဲ့ ကိုက်ညီအောင် align (ချိန်ညှိမှု) လုပ်ပေးရပါတယ်။

Business နဲ့ Technology ကြားက ကွာခြားချက် တွေကို ပေါင်းစပ် ဖြည့်ဆည်းပေးပြီး၊ ဖန်တီးရေးဆွဲလိုက်တဲ့ ဆော့ဖ်ဝဲ စနစ်ဟာ Business Purpose နဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးတဲ့ ပညာရှင် ဟာ Solution Architect ဖြစ်ပါတယ်။

မှတ်ချက် — Solution Architect ဘာတွေလုပ်လဲဆိုတဲ့ အဓိက အချက်မှာ Company များ ၏ Job Description ပေါ်လည်း မူတည်ပါသည်။ အထက်ပါဖော်ပြချက်များသည် Solution Architect Role ဖြင့် လုပ်ခဲ့ဖူးသော Corporate များ (Hana Microfinance, Nexlabs, Onenex, AYA Bank) မှ အတွေ့အကြုံပေါ် အခြေခံပြီး ရေးသားထားခြင်းဖြစ်သည်။

Aung Kyaw Minn
Solution Architect @ AYA Innovation Labs

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet