ပြဿနာ… မီးခွက်ထွန်းရှာ
မျှော်လင့်တာတွေ ဖြစ်မလာတဲ့အခါ ပြဿနာတွေ တတ်တော့တာပဲ။
ပြဿနာတွေ ဖြေရှင်းပေးမယ့် အရာတွေကို လူတွေ ကြိုက်ကြတယ်။
လူတွေကြိုက်တဲ့ အရာတွေကို ရောင်းရင် စီးပွားဖြစ်တယ် ဆိုတာ သိသွားတဲ့ အခါ —
ပြဿနာ စ ရှာကြတော့တယ်။
အဲ့ဒါကို စကားလုံး လှလှလေးနဲ့ ပြောတဲ့ အခါ Startup ဆိုပြီး ဖြစ်လာပါတယ်။
ပြဿနာ စရှာ ကြတဲ့အခါ —
ပြဿနာ တွေ့ပြီး ပြဿနာတွေဖြစ် ခွေး ဖြစ်သွားတာ ရှိသလို၊
အဖြေ တွေ့ လမ်းကြောင်းပေါ် ရောက်ပြီး သူဌေး ဖြစ်သွားတာတွေလည်း ရှိတယ်။
ပြဿနာ မရှာခင်၊ ပြဿနာ အကြောင်း သိဖို့၊ နားလည်ဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။
ပြဿနာ ၃ မျိုး အကြောင်း
(1) Known Knowns
ပြဿနာ ကို သိတယ်။
ဆိုင်မှာ ဝယ်သူတွေ အရမ်း များလာပြီ။
ဘောင်ချာ စာရွက်တွေမှာ လက်နဲ့ ရေး တွက်ပေးရတော့ အချိန်ကြာလာတယ်။
ဖြေရှင်းနည်း ကိုလည်း သိတယ်။
Point of Sale ဆော့ဖ်ဝဲ သုံးပြီး Printer နဲ့ ဘောင်ချာထုတ်ရင် ပိုမြန်တယ်။
အဆင်ပြေအောင် ဆော့ဖ်ဝဲ နဲ့ Printer ဝယ်ပြီး စသုံးမယ်။
(2) Known Unknowns
ပြဿနာ ကို သိတယ်။ ပြဿနာ ဖြစ်ကြောင်း ကို သိတယ်။
ကား ပျက်သွားတယ်။ ဂီယာထိုးထားတယ်။ ဒါပေမယ့် လီဗာ နင်းရင် မသွားဘူး။ Gearbox ပျက်တာထင်တယ်။
ဖြေရှင်းလို့ ရတဲ့ နည်းလမ်း ရှိတာကို သိတယ်။
Gearbox ပြင်တဲ့ ကားဝပ်လျှော့ အနီးအနားမှာ ရှိလား စုံစမ်းပြီး ခေါ်ပြင်မယ်။
(3) Big Unknowns
ပြဿနာကိုလည်း မသိဘူး။ ပြဿနာ ဖြစ်ကြောင်း ကိုလည်း မသိဘူး။ ဖြေရှင်းလို့ ရတဲ့ နည်းလမ်း ရှိတာလည်းမသိဘူး။ ဖြေရှင်းနည်းလည်း မသိဘူး။
စိတ်ကူးရလို့ ဆရာဝန် နဲ့ လူနာ video call ခေါ်ပြီး ပြောလို့ရတဲ့ Telemedicine App တစ်ခု ထုတ်လိုက်တယ်။ ဘာ့ကြောင့်လဲ မသိ ဆရာဝန်ရော လူနာရော ဘယ်သူမှ မသုံးဘူး။
Aung Kyaw Minn | Head of Technology
Onenex