သင်ယူတတ်မြောက်ခြင်း — အပိုင်း ၁

--

ပညာရပ်တစ်ခုကို သင်ယူတဲ့နေရာမှာ

1. Knowledge (အသိပညာ)
2. Skills (ကျွမ်းကျင်လိမ္မာမှု)
3. Attitude (စိတ်ထား — ရှုမြင်ပုံ)ဆိုပြီး ၃ ပိုင်းရှိပါတယ်။

KSA လို့အတိုကောက် မှတ်လိုက်ကြရအောင်။

ပညာရပ်တစ်ခု ဘာသာရပ်တစ်ခုကို သင်ယူပြီးမြောက်သွားတဲ့သူဟာ အဲ့ဒီပညာရဲ့ Knowledge, Skills နဲ့ Attitude ဒီ ၃ ခုလုံးကို တကယ်ရလိုက်လားဆိုတာ ပြန်စစ်ဆေးသင့်ပါတယ်။

နံပါတ် 1. Knowledge ကို အသိပညာနယ်ပယ် (Cognitive Domain) လို့ သတ်မှတ်ပြီး ဒီ အပိုင်းမှာ -

၁။ မှတ်သား သိရှိခြင်း (Remembering)
၂။ နားလည်သဘောပေါက်ခြင်း (Understanding)
၃။ အသုံးချခြင်း (Applying)
၄။ စီစစ်လေ့လာခြင်း (Analyzing)
၅။ ပေါင်းစပ်ဖန်တီးခြင်း (Creating)
၆။ အကဲဖြတ်စစ်ဆေးခြင်း (Evaluating)

စတဲ့ အဆင့် ၆ ဆင့် ပါဝင်ပါတယ်။

၁။ မှတ်သားခြင်း (Remembering)
ပညာရပ်တစ်ခုကို သင်ယူပြီးမြောက်တဲ့ အခါမှာ စာမေးပွဲတွေ စစ်လေ့ရှိပါတယ်။ ရေးဖြေ နှုတ်ဖြေ စာမေးပွဲတွေဟာ Remembering ဆိုတဲ့ မှတ်သားနိုင်စွမ်းကို ပြန်စစ်တဲ့ အဆင့်သာဖြစ်ပါတယ်။ သင်ယူပြီးခဲ့သမျှကို မှတ်မိခြင်း၊ အလွတ်ရခြင်း ဟာ Remembering အဆင့်ဖြစ်ပါတယ်။

၂။ နားလည်သဘောပေါက်ခြင်း (Understanding)
သင်ယူပြီးခဲ့သမျှကို အဓိပ္ပာယ်ကိုသိရှိခြင်း၊ ဘာသာပြန်ဆိုနိုင်ခြင်း၊ ကိုယ့်အာဘော်နဲ့ ပြန်ရှင်းပြနိုင်ခြင်းဟာ Understanding အဆင့်ဖြစ်ပါတယ်။

၃။ အသုံးချခြင်း (Applying)
သင်ယူပြီးခဲ့သမျှကို လုပ်ငန်းခွင်မှာ အသုံးပြုခြင်း၊ ကိစ္စတစ်ခုခုမှာ အသုံးချခြင်း ဟာ Applying အဆင့်ဖြစ်ပါတယ်။

၄။ စီစစ်ခြင်း (Analyzing)
အကြောင်းအရာများ ခွဲခြားခြင်း၊ ဖွဲ့စည်းခြင်း၊ စီစစ်ခြင်း ဟာ Analyzing အဆင့်ဖြစ်ပါတယ်။

၅။ ဖန်တီးခြင်း (Creating)
ပေါင်းစပ်ခြင်း၊ တီထွင်ခြင်း နှင့် ဖန်တီးခြင်း အလုပ်များဟာ Creating အဆင့်ဖြစ်ပါတယ်။

၆။ အကဲဖြတ်ခြင်း (Evaluating)
အကြောင်းအကျိုး၊ အကောင်းအဆိုး စစ်ဆေးခြင်း ဆုံးဖြတ်ခြင်း အကဲဖြတ်ခြင်းများဟာ Evaluating အဆင့်ဖြစ်ပါတယ်။

Cognitive Domain

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet