Business Model Canvas in Burmese — Part 3

Aung Kyaw Minn
1 min readMar 20, 2023

--

၄။ ဈေးကွက်နေရာ

အရောင်းအဝယ် ဖြစ်တဲ့နေရာ ကို ဈေးကွက်နေရာလို့ သတ်မှတ်နိုင်ပါတယ်။ ဒီနေရာမှာ ဝယ်သူက ပစ္စည်းရယူပြီး ငွေပေးချေမှု လုပ်ရပါတယ်။

ကုန်ပစ္စည်း ရောင်းချမယ်ဆိုရင် ဈေးကွက်နေရာဟာ ဈေးဆိုင် တစ်ခု ဖြစ်နိုင်ပြီး ဝန်ဆောင်မှု တစ်ခုလုပ်ရင်တော့ ရုံးခန်း တစ်ခုဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ဈေးကွက်နေရာတွေကို စဉ်းစားမယ်ဆိုရင် ဈေးဆိုင်ခန်းတွေ၊ အိမ်ဆိုင်၊ ခေါင်းရွက်ဖျက်ထိုး၊ လမ်းဘေး၊ လက်ဖက်ရည်ဆိုင်၊ ရထားလမ်း၊ ကားဂိတ် စသဖြင့် တကယ့် အပြင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ နေရာတွေကို မျက်မြင်လိုက်ကြည့်ပြီး ပိုမိုသိရှိနိုင်ပါတယ်။

ဒါ့အပြင် တိုးတတ်လာတဲ့ အင်တာနက် ဆက်သွယ်ရေး နည်းပညာတွေကြောင့် ဈေးကွက်နေရာတွေဟာ ယခုခေတ်မှာ ပိုမို များပြား ကျယ်ပြန့် လာနေပါတယ်။ တယ်လီဖုန်းလိုင်း၊ Email၊ Facebook လို Social Network တွေ၊ Website၊ Mobile Application စတဲ့နေရာတွေဟာလည်း အရောင်းအဝယ် ဖြစ်တဲ့ နေရာတွေဖြစ်နိုင်ပါတယ်။

ကိုယ့် ရောင်းကုန် နဲ့ ကိုက်ညီမှုရှိတဲ့ ဈေးကွက်နေရာတွေ အားလုံးကို စဉ်းစားပါ။

ဈေးကွက်နေရာ များများ မှာ ကိုယ့်ရောင်းကုန်ကို အလွယ်တကူ ဝယ်ယူနိုင်အောင် လုပ်ထားမယ်ဆိုရင် လူသိပိုများပြီး ရောင်းထွက်နိုင်ခြေများပါတယ်။

ဒါပေမယ့် ဈေးကွက်နေရာ များများ အသုံးပြုလျှင် ကုန်ကျစရိတ် ပိုများ နိုင်တယ်ဆိုတာကိုတော့ သတိပြုပါ။

၅။ ရောင်းသူဝယ်သူ ဆက်ဆံရေး

လုပ်ငန်းကို ရေရည်တည်တံ့ဖို့အတွက် —

ဝယ်သူကို ပြုမူ ပြောဆို ဆောင်ရွက်ပေးမယ့် ပုံစံတွေကို ကြိုတင်စဉ်းစား ထားရမှာဖြစ်ပါတယ်။

ဝယ်သူတွေ သိချင်တာမေးနိုင်ဖို့၊ ပြဿနာဖြစ်လာရင် ဖြေရှင်းဖို့၊ ရောင်းချပြီးနောက်ပိုင်း လိုအပ်တဲ့ အထောက်အပံ့တွေပေးဖို့ စတဲ့ အစီအစဉ်တွေပါဝင်နိုင်ပါတယ်။

စည်းကမ်းချက်တွေ၊ အရောင်းအဝယ် သဘောတူညီမှုတွေ၊ ဆုံးရှုံးမှုအတွက် လျော်ကြေး ကိစ္စတွေ စတာတွေအတွက် ဖြစ်နိုင်ခြေတွေကိုစဉ်းစားပြီး ပြင်ဆင်ထားပါ။

အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ဖေ့(စ)ဘွတ်ခ် မက်ဆင်ဂျာ၊ ဗိုက်ဘာ၊ အီးမေးလ်၊ ဝက်ဘ်ဆိုဒ် စသဖြင့် ဝယ်သူက လုပ်ငန်းကို ဆက်သွယ်လို့ရမယ့် လမ်းကြောင်းတွေ ထားပေးပါ။

  • အလိုအလျောက်ပြန်ဖြေကြား ဆောင်ရွက်ပေးတဲ့စနစ်
  • လူကိုယ်တိုင်ဖြေကြား ဆောင်ရွက်ပေးတဲ့စနစ်
  • ဝယ်သူတွေ အချင်းချင်း အသုံးပြုပုံတွေ မေးမြန်းဖြေကြားလို့ရတဲ့ အွန်လိုင်းစကားဝိုင်း
  • ကျွမ်းကျင်သူတွေက ကူညီပေးခြင်း

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet