Design Thinking for Innovation — Part 2

Aung Kyaw Minn
1 min readMay 1, 2023

--

Persona — ဘယ်သူတွေက ကိုယ့်ရဲ့ innovative product/service ကို လိုလိုလားလားနဲ့ ပိုက်ဆံ ပေးပြီး ဝယ်သုံးနိုင်လဲ။ ဥပမာ — အခြေခံပညာ အထက်တန်း ကျောင်းသားများ၊ လမ်းဘေးဈေးသည်များ၊ ဆေးအရောင်းဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ။

Innovation လုပ်မယ့် Persona လူအုပ်စု တစ်ခု ရွေးပြီးတာနဲ့ ဒီလူတွေရဲ့

  • အခက်အခဲတွေ
  • လိုအပ်ချက်တွေ
  • ခံစားနေရတာတွေ
  • တန်ဖိုးထားတဲ့ အရာတွေကို

နားလည် သဘောပေါက်အောင် လုပ်ဆောင်ရတဲ့ အဆင့်ဟာ Empathize အဆင့်ဖြစ်ပါတယ်။

Observe — စောင့်ကြည့် အကဲခတ် လျှို့ဝှက် ထောက်လှမ်း

စုံထောက်တွေ လုပ်သလိုမျိုးပေါ့။ မြင်လို့ ကြားလို့ ရလောက်တဲ့ အနီးအနားမှာ နေပြီး ကိုယ် ပစ်မှတ်ထားမယ့် လူအုပ်စု တစ်ခုရဲ့ လုပ်ပုံကိုင်ပုံ ပြောပုံဆိုပုံ တွေကို စောင့်ကြည့် အကဲခတ် မှတ်တမ်းတင်နေတာမျိုးလုပ်ရတာပါ။

Engage — ပြောဆို ဆက်ဆံ မေးမြန်း စုံစမ်း

ကိုယ် ပစ်မှတ်ထားမယ့် လူအုပ်စု ဆီတိုက်ရိုက်သွားပြီး မေးခွန်းတွေ သွားမေးတာ နဲ့ အင်တာဗျူးတာ မျိုးတွေ လုပ်ရတာပါ။ အပြန်အလှန် မေးမြန်း ဖြေဆိုတာမျိုးတွေ နဲ့ စကားဝိုင်းကို ပိုသွက်လာအောင် ဖန်တီးရပါတယ်။ Engage လုပ်တဲ့ အဆင့်ကတော့ Observe ထက် ပိုခက်ပါတယ်။ ကိုယ်သွားမေးတဲ့သူက မဖြေချင်တာမျိုး၊ အချိန်မပေးနိုင်တာမျိုးတွေ ကြုံနိုင်ပါတယ်။ အချိန်တိုအတွင်း ခင်မင်ရင်းနှီးမှု အရင်တည်ဆောက်ပြီးမှ engage လုပ် တာ ပိုကောင်းနိုင်ပါတယ်။

Watch and Listen — ကြည့်ရှု နားထောင် လေ့လာ သင်ယူ

ကိုယ် ပစ်မှတ်ထားမယ့် လူအုပ်စု ရဲ့ လုပ်ပုံကိုင်ပုံ ပြောပုံဆိုပုံတွေကို ကြည့်ရှူ နားထောင် ပြီး မှတ်သား ရပါတယ်။ Watch and Listen ကတော့ တရားဝင် အသိပေး လုပ်တာ ဖြစ်ပြီး Observe ကတော့ မသိအောင် လျှို့ဝှက် လုပ်တာဖြစ်တယ်။

Aung Kyaw Minn | Head of Technology
Onenex

To continue reading >> Design Thinking for Innovation — Part 3

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet