Design Thinking for Innovation — Part 3

Aung Kyaw Minn
2 min readMay 27, 2023

--

Define လုပ်ဆောင်ချက် ရဲ့ ရည်ရွယ်ချက်ဟာ —

  • ဖြေရှင်းမယ့် ပြဿနာ ကို ရွေးချယ်သတ်မှတ်၊
  • ပြဿနာကို ရှင်းရှင်းလင်းလင်း နဲ့ တိတိကျကျ ဖော်ပြထားတဲ့ Problem Statement ( ပြဿနာဖော်ပြချက်) ထွက်လာဖို့ ဖြစ်ပါတယ်။

Define လုပ်ရာမှာ —

Empathize လုပ်လို့ ရလာတဲ့ အချက်အလက်တွေကို စီစစ်သုံးသပ်ပြီး
၁) ပုံစံ
၂) ဆိုလိုရင်း အနှစ်ချုပ် နဲ့
၃) သဘောသဘာဝ တူတဲ့ အချက်အလက်တွေကို အရင် ရှာဖွေ ဆွဲထုတ်ရပါတယ်။ ဒါလုပ်ပြီးသွားရင် အချက်အလက်တွေဟာ ကျစ်လစ်စုစည်းသွားတဲ့ အခြေအနေဖြစ်သွားပြီး ***ပြဿနာဖော်ပြချက်*** အဖြစ် အနှစ်ချုပ်အနေနဲ့ ထွက်လာပါတယ်။

ဥပမာ — empathize လုပ်လို့ရလာတဲ့ အချက်အလက်တွေ အခု ၁၀၀ ရှိတယ်ဆိုရင်၊ စီစစ်သုံးသပ်ပြီး တဲ့ နောက်မှာ ၁၀ ခု လောက်ပဲ ကျန်တာမျိုး ပါ။ အဲ့ ၁၀ ခုထဲကမှ အရင်ဆုံး ဖြေရှင်းရမယ့် အရေးကြီးဆုံး ပြဿနာတွေကို ထပ် ရွေးချယ်ရပါတယ်။

သတိပြုရမှာက —

ဒီဆွဲထုတ်လိုက်တဲ့ အချက်အလက်တွေဟာ လူတွေအားလုံးကို ကိုယ်စားမပြုပါဘူး။ ကိုယ် Empathize လုပ်ဆောင်ချက် မှာ ရွေးချယ်ထားတဲ့ Persona တစ်ခုအတွက် ကိုပဲ ကိုယ်စားပြု ပါတယ်။

ဥပမာ — ဆရာဝန် Persona ကို Empathize လုပ်လို့ ရလာတဲ့ အချက်အလက်တွေဟာ ဆရာဝန် Persona ကိုပဲ ကိုယ်စားပြုပြီး၊ လူနာ Persona ကို ကိုယ်စားမပြုပါဘူး။

Focus — ရွေးချယ် အာရုံစိုက်

စီစစ်သုံးသပ်ပြီး ရလာတဲ့ ပြဿနာတွေ ဟာ အများအပြား ဖြစ်နေဦးမှာ ပါ။ ကိုယ့်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ကိုယ်ဖြေရှင်းနိုင်တဲ့ ပမာဏ ကို အခြေပြုပြီး အသင့်တော်ဆုံး ပြဿနာ ကို ရွေးချယ်ပြီး အာရုံစိုက် ဖို့ လိုပါတယ်။

အသင့်တော်ဆုံး ပြဿနာ ကို ရွေးချယ်ဖို့ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။

ဘယ် ပြဿနာတွေက ဖြေရှင်းဖို့ မလိုဘူးလဲ?

ဘယ် ပြဿနာက ဖြေရှင်းဖို့ လိုအပ်နေလဲ? ဘာလို့ လဲ? အရေးတကြီး အရင်ဆုံး ဖြေရှင်းရမှာလား? နောက်မှဖြေရှင်းရင်ရောရလား? အဲ့ဒါဆို ဘယ်တော့ ဖြေရှင်းမလဲ?

ဘယ်ပြဿနာကို ဖြေရှင်းရင် အကျိုးအမြတ်ဖြစ်မှာလဲ? ဘယ်တော့ အကျိုးအမြတ် စရမှာလဲ?

Frame — ဘောင်ထဲမှာနေ

ပြဿနာဖော်ပြချက်ကို သတ်မှတ်တဲ့အခါ အကြောင်းအရာ နဲ့ ရှုထောင့် မှန်ကန်ဖို့ လိုပါတယ်။ [Setting right context and perspective.]

ဥပမာ — အများပြည်သူသုံး လိုင်းကားတွေ အချိန်ကြာ တဲ့ ပြဿနာကို ဖြေရှင်းမယ်ဆိုပါစို့။ ၁ နာရီ နဲ့ ရောက်ရမယ့် မှတ်တိုင်ကို ၂ နာရီ ကြာတယ် ဆိုပါစို့။

ဘောင်ထဲမှာနေ စဉ်းစားထားတဲ့ ပြဿနာဖော်ပြချက် —

✔ ဘတ်စ်ကားတွေ အချိန်မှီ မှတ်တိုင်ကို ရောက်အောင် ဘယ်လိုလုပ်ကြမလဲ?

ဘောင်ကျော် တလွဲစဉ်းစားထားတဲ့ ဖော်ပြချက် —

ဘတ်စ်ကားတွေ မြန်မြန်မောင်းလို့ရအောင် ဘယ်လိုလုပ်ကြမလဲ?

Aung Kyaw Minn | Head of Technology
Onenex

To continue reading >> Design Thinking for Innovation — Part 4

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet