Design Thinking for Innovation — Part 4

Aung Kyaw Minn
1 min readJun 17, 2023

--

Ideate လုပ်ဆောင်ချက်ရဲ့ ရည်ရွယ်ချက်ဟာ —

Define လုပ်ပြီး ထွက်လာတဲ့ *** ပြဿနာတွေ *** ကို ရှင်းဖို့ အတွက် အကောင်းဆုံး Solution (ဖြေရှင်းနည်း) ကို ရှာဖွေဖို့ ဖြစ်ပါတယ်။

Ideate လုပ်ရာမှာ ပြဿနာတွေကို ဖြေရှင်းလို့ရနိုင်တဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းများကို ရှာဖွေပြီး အကောင်းဆုံး Solution တစ်ခုကို ရွေးချယ် ရမှာဖြစ်ပါတယ်။

ရွေးချယ်လိုက်တဲ့ Solution ဟာ ပြဿနာတွေ များများကို ဖြေရှင်းနိုင်လေလေ ကောင်းလေပါ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ပေါ့။

Brainstorm— ဖောက်စား

သက်ဆိုင်တဲ့ သူတွေ အားလုံးကို စုစည်း စည်းဝေးပြီး၊ ဖြေရှင်းနည်းတွေကို အဖွဲ့လိုက် ပေါင်းပြီး ဝိုင်းစဉ်းစားကြပါတယ်။ ပါဝင်တဲ့ သူတွေအားလုံးရဲ့ Idea (အကြံဉာဏ်) တွေကို တောင်းခံပြီး အကောင်းအဆိုး မဆုံးဖြတ်ဘဲ မှတ်တမ်းတင်ရပါတယ်။ brainstorming လုပ်တဲ့ အချိန်မှာ မကောင်းတဲ့ Idea ဆိုတာ မရှိဘူးလို့ သတ်မှတ်ရပါတယ်။

Narrow Down — ရွေးချယ်

Idea တွေ များနိုင်သလောက် များများ ရပြီဆိုတာနဲ့ နောက်တစ်ဆင့် ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် Solution ကို ပြန်ရွေးချယ်ရပါတယ်။

ရွေးချယ်တဲ့ နေရာမှာ —
၁) လက်တွေ့ဖြစ်နိုင်ခြေ (Feasibility)
၂) အကျိုးသက်ရောက်မှု (Impact)
၃) ကိုယ့်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် ပန်းတိုင် နဲ့ ကိုက်ညီမှု့ (Alignment)

ဒီ ၃ ချက် နဲ့ တိုင်းတာပါတယ်။ နောက် Solution တွေကို တူရာစုတာတွေ၊ မဲပေးရွေးချယ်တာတွေ၊ ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ပြီး အသင့်တော်ဆုံးကိုရွေးချယ် ကြရပါတယ်။

Ideate လုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ရာမှာ ရှေ့မှာ ရေးသားခဲ့ပြီးတဲ့ Divergent and Convergent Thinking ပုံစံနဲ့ လုပ်ဆောင်လို့ရပါတယ်။ လင့်ခ်ကိုနှိပ်ပြီး ပြန်လေ့လာကြည့်ပါ။

Aung Kyaw Minn | Head of Technology
Onenex

To continue reading >> Design Thinking for Innovation — Part 5

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet