Software Development Activities

Aung Kyaw Minn
2 min readFeb 2, 2025

--

Software Delivery လုပ်ငန်းစဉ် ထဲမှာ ဆော့ဖ်ဝဲတစ်ခု လက်တွေ့ဖန်တီးဖို့ အတွက် အဆင့်ဆင့် အသေးစိတ် လုပ်ဆောင်ချက် တွေ ပါဝင်ပါတယ်။ ဒါကို Software Development Activities တွေလို့ခေါ်ပါတယ်။

Software Development Activities

လုပ်ဆောင်ချက်တွေ ၁ ကနေ ၉ အထိ အစီအစဉ်လိုက် ပုံမှာ ပြထားပေမယ့် တကယ့် လက်တွေ့မှာ ကြုံရမယ့် အခြေအနေပေါ် မူတည်ပြီး အဆင့်တွေ ရှေ့ နောက် ပြောင်း လုပ်ရတာမျိုး၊ ကြား အဆင့်တစ်ခုကနေ စလုပ်ရတာမျိုး ရှိနိုင်ပါတယ်။

ဥပမာ အနေနဲ့ တစ်ချို့ စလုပ်ရတဲ့ Project မျိုးတွေမှာ အဆင့် ၃ UI Design နဲ့ Prototype ထွက်ပြီးသားမျိုး ရှိနိုင်ပါတယ်။

Project သေးတာမျိုး၊ တစ်ခါသုံး Project မျိုး ဆိုရင် UI Design ကိုကြည့်ပြီး၊ Data အတွက် Firebase/MongoDB လို NoSQL သုံး ဒါမှဟုတ် Strapi လို Headless CMS ကို Backend ထား Frontend/Mobile Code တန်းရေး၊ ဆော့ဖ်ဝဲတန်းထွက်တာမျိုး လုပ်လို့ရပါတယ်။

Project ရဲ့ ရှေ့ဆက်မယ့် အလားအလာ၊ ချဲ့ထွင်မယ့် ပမာဏ ပေါ် မူတည်ပြီး Scaling နဲ့ Continuous Development ဆက်သွားမယ်ဆိုရင်၊ နောက်ကြောင်းပြန် Conceptual Data Modelling နဲ့ Requirement Specification တွေ သေချာပြန်ရေး၊ ရှေ့ဆက်ပြီး Logical/Physical Data Modeling က စ နောက် လုပ်ဆောင်ချက်တွေကို သေချာ လုပ်သွားဖို့လိုပါတယ်။

ဒီ အဆင့်တွေ အသေးစိတ် လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက် က ဆော့ဖ်ဝဲမှာ Scalability နဲ့ Maintainability ဆိုတဲ့ အရည်အသွေးတွေ ရှိဖို့ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲကို အသုံးပြုသူ တစ် ယောက်ပဲ သုံးသုံး၊

တစ်ထောင် ပဲ သုံးသုံး၊ တစ်သိန်း တစ်သန်းပဲ သုံးသုံး

ပုံမှန်အတိုင်း ပြဿနာမရှိ လုပ်ဆောင် ပေးနိုင်တဲ့ အရည်အသွေး ကို Scalability လို့ခေါ်ပါတယ်။

ရှေ့ Developer က နောက် Developer ကို လွယ်လွယ်ကူကူ အချိန်တိုအတွင်း လက်ဆင့် ကမ်းပေးနိုင်တာ၊

လက်ဆင့်ကမ်းပေးမယ့် Developer မရှိလည်း လုပ်ဆောင်ချက် အဆင့်ဆင့် က ထွက်ခဲ့တဲ့ Output မှတ်တမ်း Documentation တွေ လေ့လာပြီး Continuous Development ဆက်လုပ်နိုင်တာ၊

ရှိပြီးသား Feature တွေ ပြင်ဆင်ဖို့ လွယ်ကူတာ၊ Feature အသစ်တွေ ထပ်ထည့်ဖို့ မခက်ခဲတာ ဒါမျိုး အရည်အသွေးတွေကို Maintainability လို့ခေါ်ပါတယ်။

Software Development Activities

လုပ်ဆောင်ချက် တစ်ဆင့်ချင်းစီမှာ အဓိက တာဝန်ရှိသူ၊ ထွက်လာရမယ့် Output နဲ့ အထောက်အကူပြု Tools တွေကို ပုံမှာကြည့်ပါ။

Tools တွေ ဟာ လုပ်ဆောင်ချက်တစ်ခုစီအတွက် မြန်ဆန်အောင် ပြည့်စုံအောင် အထောက်အကူ ပေးပါတယ်။ နောက်ပိုင်း AI Agents တွေပေါ်လာတဲ့ အခါမှာ ပိုမိုလွယ် ကူသွားပါတယ်။

ဥပမာ Coding အဆင့်မှာ AI Agent ပါတဲ့ Windsurf IDE လိုမျိုး အသုံးပြုမယ် ဆိုရင် Software Engineer က ရေးထားတဲ့ Code ကို ရှင်းပြတဲ့ Comment ကို အလိုအလျောက် ထုတ်ခိုင်းလို့ရပါတယ်။ Software Engineer ဘက်က လိုအပ်တာလေးတွေ ပြင်တာ မှန်မမှန်း စစ်ဆေးတာ လောက်ပဲ လုပ်ဖို့ လိုအပ်ပါတော့တယ်။

Tool တွေမှာ တစ်ခုနဲ့ တစ်ခု မတူတဲ့ အားသာချက်တွေရှိပါတယ်။ သုံးနေကြ Tool တစ်ခုတည်းမှာပဲ မပိတ်မိဘဲ အသစ်အသစ်တွေကို စမ်းသပ်ကြည့်ပါ၊ ပြောင်းသုံးကြည့်ပါ၊ ရောသုံးကြည့်ပါ။ ပိုပြီး အလုပ်တွင်တာကို တွေ့ရပါလိမ့်မယ်။

Reference Document ကို ဒီ LinkedIn Post မှာ ကြည့်ရှုနိုင်ပါတယ်။

Aung Kyaw Minn
Solution Architect @ AYA Innovation Labs

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet